ဆုရရန် မျှော်ရည်မှန်း
၁၉၉၄ ခုနှစ်က ထုတ်လုပ်ခဲ့သော Forrest Gump ရုပ်ရှင်တွင် ဖောရက်စ်သည် သူပြေးသည့် ခရီးစဉ်ကြောင့် ထင်ရှားလာသည်။ အစ၌ “လမ်းဆုံးထိ” ဖြည်းဖြည်းမှန်မှန် ပြေးခြင်းဖြင့် အစပြုခဲ့သည့်ခရီးက ၃နှစ်၊ ၂ လ၊ ၁၄ ရက်နှင့် ၁၆ နာရီ ကြာမြင့်ခဲ့သည်။ သူချမှတ်သည့်ပန်းတိုင်တစ်ခုသို့ ရောက်ပြီးတိုင်း၊ နောက်ထပ်ပန်းတိုင်ချမှတ်ကာ အမေရိကန်ပြည်ထောင်စု တစ်လွှားသို့ အကွေ့အကောက် လမ်းများအတိုင်း ဆက်ပြေးသည်။ နောက်ဆုံးပြေးချင်စိတ် ကုန်သွားချိန်အထိ ဆက်ပြေးခဲ့သည်။ “ပြေးချင်စိတ်” ပေါ်လာလျှင် သူစပြေးတော့သည်။ “အဲဒီနေ့မှာ ဘာရည်ရွယ်ချက်မှ ထွေထွေထူးထူးမရှိပါဘူး။ နည်းနည်း ထပ်ပြေးဖို့ စိတ်ဆုံးဖြတ်လိုက်တာ” ဟု သူက ပြောပါသည်။
ရှင်ပေါလုက ဖောရက်စ်ကဲ့သို့ စိတ်ကူးယဉ်ဆန်ဆန်ပြေးခြင်းနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ သူ့စံနမူနာကို လိုက်လျှောက်အတုယူပြီး “ဆုကို ရမည့်အကြောင်း ပြေးကြ လော့” (၁ ကော ၉း၂၄)…
ကွင်းဆင်းအဖွဲ့ ၌ ပူးပေါင်းပါ
ဆန်ဖရန်စစ္စကိုမြို့မှ မြို့ပြကျန်းမာရေးလုပ်သားများသည် မူးယစ်ဆေးစွဲနေသည့် အိမ်ယာမဲ့များအား ဆေးဖြတ်ကုသမှုအတွက် ဆေးဝါးထောက်ပံ့ပေးရန် ထွက်ခွာသွား ကြလေပြီ။ မူးယစ်ဆေးကို အကြောထဲထိုးသွင်းသူ အိမ်ယာမဲ့ဦးရေ များပြားလာ ခြင်းကြောင့် ထိုအစီအစဉ်ကို စတင်အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ အစဉ်အလာ အရဆိုလျှင် ဆေးခန်းသို့ရောက်လာမည့် လူနာများကို ဆရာဝန်က စောင့်နေသည်။ သို့သော် ဆေးဝါးများကို ဝေဒနာဖိစီးသည့်နေရာသို့ ယူဆောင်သွားခြင်းဖြင့် လူနာများ အတွက် သွားရေးလာရေးဒုက္ခမရောက်၊ ဆရာဝန်နှင့် ချိန်းဆို ထားမှုကို သတိမရလည်း ကိစ္စမရှိတော့ပါ။
ကျန်းမာရေးလုပ်သားများက ဂရုပြုစောင်မမှု လိုအပ်သူများထံ သွားရောက်ရန် စေတနာစိတ်ရှိသည်။ ၎င်းက ကျွန်ုပ်တို့၏လိုအပ်မှုများအတွက် ကျွန်ုပ်တို့ထံ သခင်ယေရှု ကြွလာပုံကို သတိပေး အမှတ်ရစေသည်။ သူ၏ အမှုတော်၌ သခင်ယေရှုသည် ဘာသာရေးကျွမ်းကျင်သူ ဆရာကြီးများ အလွယ်တကူ လျစ်လျူရှုထားသူများကို ရှာဖွေသည်။ ဆိုးသောသူများ၊ အခွန်ခံများနှင့်အတူ စားသောက်သည် (း၁၆)။ အဘယ်ကြောင့် ထိုသို့ပြုသနည်းဟု…
သမ္မာတရား - ခါးသလား၊ ချိုသလား။
ကျွန်ုပ်၏နှာခေါင်းပေါ်တွင် အဖုလေးတစ်ဖုမှာ တစ်နှစ်ခန့် ဘာမှမဖြစ်ဘဲ ရှိနေခဲ့ပြီးမှ ဆရာဝန်ထံ သွားပြခဲ့သည်။ အသားစ စစ်ဆေးချက်အရ အရေပြားကင်ဆာဟူသည့် ကျွန်ုပ်မကြားလိုသည့် အဖြေထွက်လာသည်။ ဤကင်ဆာရောဂါကို ခွဲစိတ်ကုသနိုင်ပြီး အသက် အန္တရာယ်မစိုးရိမ်ရသော်လည်း ယင်းသည် မျိုရခက်သည့်ဆေးခါးကြီးပါ။
ဘုရားသခင်က ယေဇကျေလအား ညည်းတွား မြည်တမ်းစရာနှင့် စိတ်ပျက်စရာအကြောင်းများပါသည့် စာလိပ် - ဆေးခါးကြီးကို မျိုခိုင်းခဲ့သည် (ယေဇ ၂း၁၀၊ ၃း၁-၂)။ သူသည် ‘‘ထိုစာလိပ်ကိုစား၍ ဝမ်းဖြည့်’’ရမည်ဖြစ်ပြီး ဘုရားသခင်က ‘‘ရဲရင့်သောမျက်နှာနှင့် ခိုင်မာသောနှလုံး’’ ရှိသည်ဟု သတ်မှတ်သည့် ဣသရေလအမျိုးသားတို့ကို ကြားပြောရမည် (၂း၎)။ ပဲ့ပြင် ဆုံးမမှုများနှင့် ပြည့်သည့်စာလိပ်မှာ ဆေးခါးကြီးကဲ့သို့ ခါးလှမည်ဟု အချို့က ထင်မည်။ သို့သော် ယေဇကျေလက သူ့ပါးစပ်၌ "ပျားရည်ကဲ့သို့ ချိုသည်"ဟု ဖော်ပြခဲ့သည် (၃း၃)။
ယေဇကျေလသည် ဘုရားသခင်၏ပြုပြင်ခြင်းအရသာကို ခံစားရခဲ့ပုံပေါ်သည်။ ဘုရားရှင်က အပြစ်ပြသွန်သင်ဆုံးမခြင်းကို…
အပြာရောင်လမ်းကြောင်း
အဖြူရောင်နှင်းဖုံးလွှမ်းသော မြေမျက်နှာပြင်ပေါ်၌ နှင်းလျောစီးပြိုင်ပွဲ လမ်းကြောင်းများကို အပြာရောင် မှုတ်ဆေးဖြန်းကာ သတ်မှတ်ပေးသည်။ သဘာဝအလျောက် အခုံးအကွေးသဏ္ဌာန်ပေါ်နေသည့်လမ်းကြောင်းက ပွဲကြည့်ရှုသူများအတွက် အာရုံလွဲစေသော်လည်း ၎င်းသည် ယှဉ်ပြိုင်သူများ၏လုံခြုံမှုနှင့် အောင်မြင်မှုနှစ်ခုလုံးအတွက် အရေးကြီးသည်။ သည်ဆေးရောင်က ပြိုင်ပွဲဝင်သူများအတွက် တောင်ခြေသို့ အမြန်ဆုံးရောက်စေမည့် လမ်းကြောင်းကို မြင်စေသည့် လမ်းညွှန်ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲဝင်များအနေဖြင့် တောင်ပေါ်မှအရှိန်ဖြင့် နှင်းလျောစီးဆင်းလာစဉ် သူတို့ အန္တရာယ်ကင်း လုံခြုံရေးအတွက် နှင်းပေါ်၌ ထင်ရှားသော ဆေးရောင်က အမြင်ကို ရှင်းလင်းစေပါသည်။
ရှောလမုန်က ဘဝပြိုင်ပွဲတွင် လုံခြုံမှုရှိစေရန် မျှော်လင့်ပြီး သူ၏သားများကို ပညာကို ရှာရန်ပြောခဲ့ပါသည်။ အပြာရောင်မျဉ်းကဲ့သို့ ပညာသည်လည်း “မှန်သောခရီးတို့ကို ပို့ဆောင်မည်၊ ထိမိ၍ လဲခြင်းမရှိ’’ ဟု ပြောထား သည် (း၁၁-၁၂)။ ဖခင်တစ်ယောက်အနေဖြင့် သားများအတွက် အမျှော်လင့်ဆုံး အရာမှာ ဘုရားသခင်၏ဉာဏ်ပညာမှ လမ်းလွဲသွားခြင်းကြောင့် ဘဝ၌ ဖြစ်ပေါ်လာမည့် ပျက်စီးဆုံးရှုံးခြင်းရလဒ်များနှင့်ကင်းဝေးပြီး…
ကားတစ်စီးပိုင်ဆိုင်ဖူးသူကို မေးပါ
၁၉၀၀ အစောပိုင်းနှစ်များက ပါးကတ်မော်တော်ကားကုမ္ပဏီက ဝယ်သူများကို သွေးဆောင်ရန် ကြော်ငြာ ဆောင်ပုဒ်တစ်ခု ထုတ်ခဲ့သည်။ “ကားတစ်စီး ပိုင်ဆိုင်ဖူးသူကို မေးပါ” ဟူသောဆောင်ပုဒ်က ထိုခေတ်ကာလက ဇိမ်ခံကားများထုတ်လုပ်သည့် ကုမ္ပဏီ၏
ဂုဏ်သတင်းကို ဖော်ကျူးပေးသည့် အစွမ်းထက်သည့် စာတန်းတစ်ခု ဖြစ်လာ သည်။ လူတစ်ဦးချင်းစီ၏ သက်သေစကားက ကြားရသူ အတွက် လှုံ့ဆော်မှုဖြစ်စေသည်ဟု ပါးကတ်ကုမ္ပဏီမှ နားလည်ပုံပေါ်သည်။ ထုတ်ကုန်အပေါ် မိတ်ဆွေတစ်ဦး၏ စိတ်ကျေနပ်မှုသည် အစွမ်းထက်သည့် ထောက်ခံချက် ဖြစ်၏။
ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ကောင်းမြတ်ခြင်းအကြောင်း ကိုယ်ပိုင်အတွေ့အကြုံများကို အခြားသူများနှင့် ဝေမျှခြင်းက အကျိုးသက်ရောက်မှုဖြစ်စေသည်။ ကျွန်ုပ်တို့၏ ကျေးဇူးချီးမွမ်းခြင်း၊ ဝမ်းမြောက်မှုများကို ကိုယ်တော်နှင့်သာမဟုတ်ဘဲ အခြားသူများနှင့်လည်း ဝေမျှရန် ဘုရားရှင်က ကျွန်ုပ်တို့ကို ဖိတ်ခေါ်သည် (ဆာ ၆၆း၁)။ အပြစ်တရားမှ လှည့်ပြန်လာသောအခါ ဘုရားသခင် ပေးသနားသည့် ခွင့်လွှတ်ခြင်းအကြောင်းကို ဆာလံဆရာက သူ့သီချင်းထဲ၌ စိတ်အားထက်သန်စွာ ဝေမျှခဲ့သည်…
နောက်ကွယ်မှမျက်လုံးများ
ကလေးဘဝအရွယ်က ကျွန်မသည် အခြားသောကလေးများနည်းတူ ဆိုးခဲ့ပြီး ကျွန်မ၏ မကောင်းသောအကျင့်စရိုက်ကို ဖုံးကွယ်ခြင်းဖြင့် ပြဿနာမဖြစ်အောင် ရှောင်ကြဉ် ခဲ့သည်။ သို့လင့်ကစား ကျွန်မလုပ်ခဲ့သောအရာကို အမေသိလေ့ရှိသည်။ ကျွန်မ မည်ကဲ့သို့ ကိုးယိုးကားယား လုပ်ခဲ့သည်ကို အမေက လျင်မြန်မှန်ကန်တိကျစွာ သိ၍ ကျွန်မ အမြဲအံ့သြရသည်။ ‘‘အမေဘယ်လိုသိသလဲ’’ ဟု မေးလျှင် အမေက ‘‘ငါ့ခေါင်းနောက်မှာ မျက်လုံးရှိတယ်’’ ဟု ပြန်ဖြေသည်။ ကျွန်မက အဟုတ်ထင်၍ အမေ့ ခေါင်းနောက်မှ မျက်လုံးကို ရှာဖွေစူးစမ်းခဲ့သည်။ ကိုယ်ပျောက်မျက်လုံးလား၊ဆံပင်အောက်မှာ ရှိနေခြင်းလား။ ကျွန်မကြီးပြင်းလာချိန်တွင် ရှာဖွေခြင်းကို ကျွန်မလက်လျော့ခဲ့ရသည်။ အမေ၏ စောင့်ကြည့်မှုသည် သူမ၏သားသမီးအပေါ် ဂရုစိုက် ချစ်မြတ်နိုးခြင်း ၏ သက်သေပင်ဖြစ်သည်။
ရံဖန်ရံခါ အမေ့ကို စိတ်ပျက်စေမိသော်လည်း အမေ၏ဂရုစိုက်ပေးမှုအတွက် ကျေးဇူးတင်မိသကဲ့သို့၊ လူသားအပေါင်းတို့ကို ကောင်းကင်ဘုံက ကြည့်မြင်သော ဘုရားသခင်ကို(ဆာ ၃၃း၁၃) ပို၍ပင် ကျေးဇူးတင်မိပါသည်။…
မုန့်အပိုင်းအစများ ဝေငှပေးကမ်းခြင်း
အသက် ၆၀ အရွယ် အိမ်ခြေယာမဲ့စစ်ပြန်ကြီး စတိဗ် သည် နွေးထွေးသောရာသီဥတုတွင် အပြင်မှာ တစ်နှစ်ပတ်လုံးအိပ်စက်ခဲ့သည်။ တစ်ညနေတွင် ပိုက်ဆံရရန် ရည်ရွယ်ချက်ဖြင့် သူလက်ဖြင့်ဆွဲထားသော ပန်းချီကားကို ပြသနေစဉ် အမျိုးသမီးငယ်တစ်ဦးက ရောက်လာပြီး သူ့အား ပီဇာအနည်းငယ် ကျွေးခဲ့သည်။ စတိဗ်သည် ကျေးဇူးတင်စိတ် အပြည့်ဖြင့် လက်ခံခဲ့သည်။ ခဏအကြာတွင် စတိဗ်သည် သူစားနေသောပီဇာကို အိမ်ခြေယာမဲ့သူ နောက်တစ်ဦးကို ဝေမျှခဲ့သည်။ ချက်ခြင်းပင် ထိုအမျိုးသမီးငယ်လေးသည် မိမိရရှိသောအရာကို ထပ်မံရက်ရောသည့် ထိုလူကြီးကို အသိအမှတ်ပြုသည့်အနေဖြင့် နောက်ထပ်မုန့်တစ်ပန်းကန် ဖြင့် ပြန်ရောက်လာခဲ့သည်။
စတိဗ်၏ဇာတ်လမ်းလေးက သုတ္တံ ၁၁း၂၅ တွင် ဖော်ပြထားသော သူတစ်ပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံရမည်အကြောင်း ဖော်ပြသည့် နည်းဥပဒေသကို သရုပ်ဖော်ပြနေပါသည်။ သို့သော် တစ်စုံတစ်ခုကို ပြန်လိုချင်သောစိတ်ဖြင့် မပေးကမ်းသင့်ပေ။ ထိုလူကြီးကဲ့သို့ မိမိ၏ဝေမျှပေးကမ်းခြင်း၏အသီးကို ချက်ခြင်းလက်ငင်း အကျိုးပြန်ခံစားရခြင်းက ရှားပါသည်။…
ရော့ မင်းအတွက်
ကမ္ဘာတစ်ဝှမ်းရှိ အခြားသောမြို့ကြီးများကဲ့သို့ပင် ပဲရစ်မြို့ဆင်ခြေဖုံးရပ်ကွက်များ၌ မိမိဝန်းကျင်ရပ်ကွက်ရှိ အိမ်ယာမဲ့များကို မစကူညီရန် လူများရောက်ရှိလာသည်။ ရေလုံအိတ်ထဲထည့်ထားသည့် အဝတ်အထည်များကို လမ်းပေါ်နေထိုင်သူများက သူတို့လိုလျှင် လိုသလောက်ယူနိုင်သည်။ အိတ်များပေါ်၌ “ကျွန်ုပ်ရှိသည်။ သင်အေး နေလျှင် ကျွန်ုပ်သည် သင့်အတွက် ဖြစ်သည်’’ ဟု စာရေး ကပ်ထားသည်။ ထိုလှုပ်ရှားမှုက မှီခိုရာမဲ့သူတို့အတွက် နွေးထွေးမှုဖြစ်စေသည်သာမက ရပ်ကွက်နေပြည်သူတို့အား မိမိတို့ကြားရှိ ဆင်းရဲလိုအပ်နေသူများအား မစထောက်ပံ့ရန် အရေးကြီးကြောင်းကို သင်ပြပေးသည်။
ဆင်းရဲသူများကို ဂရုပြုရန် အရေးကြီးကြောင်း သမ္မာကျမ်းမှလည်း အလေးထားဖော်ပြပြီး ထိုသူတို့အတွက် လက်ကျယ်ကျယ် ဖွင့်ပေးရန် သွန်သင်သည် (တရား ၁၅း၁၁)။ ဆင်းရဲသူများ၏ဒုက္ခကို မျက်နှာလွဲပစ်ရန်၊ မဝေမျှဘဲ မိမိဥစ္စာပစ္စည်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရန် ကျွန်ုပ်တို့ သွေးဆောင်ခံရနိုင်သည်။ သို့သော် လိုအပ်မှု ရှိနေသူများက ကျွန်ုပ်တို့ဝန်းကျင်၌ ဝန်းရံရှိနေကြောင်းကို အသိအမှတ်ပြုရန်၊ ထိုကြောင့် ကပ်စေးနှဲမနေဘဲ (း၁၀) ရက်ရောသော…
ဘဝအတွက်အကောင်းဆုံးဗျူဟာ
ကျွန်မသမီးတို့ဘက်စကက်ဘောအသင်း ကစားနေသည်ကို ကစားကွင်း စင်ပေါ်မှ ကြည့်နေစဉ် နည်းပြက ‘‘နှစ်ယောက် တက်’’ ဟု အော်ပြောလိုက်သံကို ကြားလိုက် ရသည်။ ချက်ခြင်းပင် ၎င်းတို့၏ တစ်ဦးချင်းစီခံစစ်ပုံစံကို နှစ်ယောက်တစ်ယောက်ပုံစံ ပြောင်းကာ တစ်ဖက်အသင်းမှ အရပ်အမြင့်ဆုံးကစားသမားကို ကာသည်။ သူတို့၏အားထုတ်မှု အောင်မြင်သည်။ ဂိုးသွင်းပြီး အမှတ်မယူနိုင်အောင် ကာကွယ်နိုင်ခဲ့ပြီး နောက်ဆုံး ဘောလုံးက တစ်ဖက်ကွင်းထဲ ပြန်ရောက်သွားသည်။
ဒေသနာကျမ်း ရေးသားသူ ရှောလမုန်မင်းကြီးသည် လောကကြီး၏ရုန်းကန်ရမှုနှင့် စိတ်ရှုပ်ထွေးဖွယ်ရာများနှင့် လုံးပမ်းနေရစဉ် ရုန်းကန်လှုပ်ရှားမှုများတွင် အဖော်အသင်း တစ်ဦးဦးရှိပါက အကျိုးရှိကြောင်း သူသိမှတ်ဝန်ခံခဲ့သည် (ဒေ ၄း၉)။ ‘‘လူတစ်ယောက်သည် တစ်ယောက်ကိုနိုင်လျှင် ထိုလူကို နှစ်ယောက် ဆီးတားနိုင်၏’’ (း၁၂)။ ကျွန်တော်တို့လဲလျှင် အနီးအပါး၌ မိတ်ဆွေရှိပါက သူက ထူမ ဆွဲထူပေးနိုင်သည် (း၁၀)။
ရှောလမုန်၏စကားများက ဘဝခရီးစဉ်၏စုံစမ်းစစ်ကြောမှုများကို တစ်ဦးတည်း မရင်ဆိုင်ဘဲ အခြားသူများနှင့်မျှဝေရန်…
ငြိမ်သက်ခြင်းနှင့်ပြည့်ဝသောနှလုံးသား
သူ၏အသက်မွေးဝမ်းကြောင်း လုပ်ငန်းဖြစ်သည့် အားကစားသမားအဖြစ်မှ အနားယူ ပြီးနောက် နှစ်ပေါင်း ၄၅ နှစ်အထိ ဂျယ်ရီခရာမာကို အမြင့်ဆုံးသော အားကစား ထူးချွန်သူများအား ဂုဏ်ပြုသည့်စာရင်းတွင် ထည့်သွင်းခြင်း မခံရပါ။ အခြားသော ဂုဏ်ပြုခြင်းများနှင့် အောင်မြင်ခြင်းများစွာအတွက် ဝမ်းမြောက်ရသော်လည်း အထက်က ဖော်ပြသော အားကစားထူးချွန်သူ ဂုဏ်ပြုသည့်စာရင်း နှင့်ကား ဝေးလျက်ပင်ရှိနေသေးသည်။ သူ့အား ထိုစာရင်းသို့ သွင်းရန် ၁၀ ကြိမ်တိုင်တိုင် အဆိုတင်သွင်းခဲ့သော်လည်း ပယ်ချခြင်းခံရသည်။ သူ့၏မျှော်လင့်ချက် အကြိမ်ကြိမ် ပျက်ပြားခဲ့သော်လည်း သူက ယဉ်ကျေးသိမ်မွေ့စွာဖြင့်ပင် “ဘဝတစ်လျှောက်လုံး ကျွန်တော့်ကို အမျိုးသားဘောလုံး အဖွဲ့ချုပ်မှ လက်ဆောင်ပေါင်း ၁၀၀ ပေးခဲ့ပြီးပြီဟု ခံစားရတဲ့ အတွက် ကျွန်တော်မရသေးတဲ့အရာတစ်ခုအတွက် စိတ်တို ဝမ်းနည်းနေရင် အလွန်မှ မိုက်မဲရာကျမယ်” ဟု ပြောသည်။
အခြားသူများသည် အကြိမ်ပေါင်းများစွာ ထိုသို့ ငြင်းပယ်ခြင်းခံရပါက ခါးသီးစွာ ခံစားနေရမည့်အချိန်တွင် ခရာမာသည်…